Please log in to access this page.
Please log in to access this page.

US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

စစ်တပ်ဖမ်းဆီးထားတဲ့ စုန်းချောင်းဒေသခံ ၁၃ ဦး ပြန်မလွတ်သေး

28 Aug 2026, 15:29 GMT By RFA Burmese
Download metadata bundle
RFA logo
Article စစ်တပ်ဖမ်းဆီးထားတဲ့ စုန်းချောင်းဒေသခံ ၁၃ ဦး ပြန်မလွတ်သေး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံများကို မြင်တွေ့ရစဉ်။
Credit: RFA Burmese

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို ဩဂုတ်လ ၂၅ ရက်နေ့က အင်အား သုံးရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးထားတဲ့ ဒေသခံ ၁၃ ဦးကို ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အင်အားသုံးရာဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းရာမှာ အချိန်မီမရှောင်ပြေးနိုင်တဲ့ ဒေသခံတွေနဲ့ သံဃာနှစ်ပါး ဖမ်းဆီးခံလိုက်ရပေမဲ့ အမျိုးသမီးတစ်ဦးနဲ့ သံဃာနှစ်ပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ယင်းမာပင်ဒေသခံတစ်ဦးက ပြောပါတယ်။ “အမျိုးသမီးတစ်ဦးနဲ့ သံဃာနှစ်ပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်ဗျ။ ကျန်တဲ့လူတွေကိုတော့ စစ်ကြောင်းနဲ့အတူ ဓားစာခံသဘောမျိုး ဖမ်းခေါ်သွားတယ်။ အဖမ်းခံထားရတဲ့သူတွေကတော့ အမျိုးသားတွေပါ။ အခု စစ်ကြောင်းနဲ့အတူ အဖမ်းခံထားရတဲ့သူတွေက ကျောက်ကုန်းရွာဘက်မှာ ရှိနေတယ်လို့ သိထားတယ်ဗျ။ ဖမ်းခံရတာလည်း သုံးရက်ကျော်ရှိလာတော့ မိသားစုဝင်တွေက စိုးရိမ် နေကြတာ။ သတင်းလည်း မရတော့ ပိုစိုးရိမ်ကြတယ်” စစ်တပ်စစ်ကြောင်းဟာ စုန်းချောင်းရွာက ဒေသခံ ၁၃ ဦးကို ဖမ်းဆီးပြီးနောက် ပတိန်ပြင်ရွာ၊ ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာနဲ့ ကွေ့ချောင်းရွာတို့ကိုလည်း စီးနင်းဝင်ရောက်ကာ နေအိမ် အလုံးရေ လေးဆယ်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ညနေပိုင်းမှာတော့ ကွေ့ချောင်းရွာကနေ သကြားစက်ရွာမှာ ညအိပ်တပ်စွဲကာ အနီးအနားဝန်းကျင်က တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျောက်မှော်၊ စုန်းချောင်း၊ ကွေ့ချောင်း၊ နဘူးတော၊ သံဘို၊ ကြက်လျှာ၊ ငကြားစက်နဲ့ကျောက်ကုန်းရွာ စတဲ့ ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံ ခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။