(၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဗစ်တိုးရီးယား ကရင်အသိုင်းအ၀ိုင်းများ ကျင်းပရန်စီစဉ် - ကေအိုင်စီ - KIC News
ဩဂုတ်လ ၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ လာမည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်ကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ Geelong မြို့တွင် ကျင်းပသွားရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဗစ်တိုးရီးယားပြည်နယ်တဝိုက်က ကရင်လူမှုအဖွဲ့အစည်းများမှ ပထမဆုံး အကြိမ်စု ပေါင်းပြီး ကရင်တိုင်းရင်းသားများအတွက် အရေးပါသည့်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။ ယခုကျင်းပမည့် ကရင့်အမျိုးသားအာဇာနည်နေ့အား ဗစ်တိုးရီးယားပြည်နယ်ရှိ ကရင်လူမှု အသိုက်အဝန်းအ...