ဒုက္ခသည်များအတွက် မြေနေရာဝယ်ထားကြောင်း တနသာင်္ရီတိုင်း ကရင်ဝန်ကြီး ပြောဆို - ကေအိုင်စီ - KIC News
ဩဂုတ် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ရွာပုန်းရွာရှောင် စစ်ပြေးဒုက္ခသည်များ ပြန်လာအခြေစိုက်ရန် နေရာအတွက် မြေဧက ၂၀ဝ ဝယ်ယူ ထားသည်ဟု တနသာင်္ရီတိုင်းဒေသကြီးှ၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဟာဗီးက ဩဂုတ်လ ၂၇ရက်နေ့တွင် ကေအိုင် စီသို့ ပြောသည်။ ယင်းသို့ ဝယ်ထားသောမြေကွက်များမှာ တနသာင်္ရီတိုင်းဒေသကြီး တနသာင်္ရီမြို့နယ် ဝေါတောင်နယ်စပ် ကုန်သွယ်ရေးစခန်း၌ ဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်း လာရောက်လုပ်ဆောင်ရန် နေရာမဟုတ်ဘဲ ဒုက္ခသည်သီးသန့်ပြန်လာ အခြေချနိုင်ရေးအ...