ဖာပွန်ဒေသရှိ ရွာသားများ၏ နေအိမ် ၅ လုံးထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး - ကေအိုင်စီ - KIC News
ဇူလိုင် ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ် ကူးဆိပ်ကျေးရွာမှ လူနေအိမ် ၅ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယနေ့ မွန်းလွဲပိုင်းတွင် ကျော်မင်းထွန်းဦးဆောင်သည့် စစ်ကောင်စီ ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ (၈) လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်ဖွဲ့တို့အကြား ကူးဆိပ်ရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပ...