US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

ပိတ်ဆို့မှုရှောင်ဖို့ ရုရှားရေနံတင်သင်္ဘောတွေ မြန်မာနဲ့ဆီးရီးယားအလံတင်ပြီး ကုန်သွယ်နေ

24 Aug 2026, 21:25 GMT By RFA Burmese
Download metadata bundle
RFA logo
Article ပိတ်ဆို့မှုရှောင်ဖို့ ရုရှားရေနံတင်သင်္ဘောတွေ မြန်မာနဲ့ဆီးရီးယားအလံတင်ပြီး ကုန်သွယ်နေ
သင်္ဘောတစ်စီးတွင် မြန်မာအလံလွှင့်တင်ထားသည်ကို ပုံဟောင်းတစ်ပုံ၌ တွေ့ရပုံ။
Credit: RFA Burmese

ရုရှားနိုင်ငံနဲ့ ဆက်စပ်ကုန်သွယ်နေတဲ့ ရေနံတင်သင်္ဘောတွေဟာ မြန်မာနဲ့ဆီးရီးယားနိုင်ငံအလံတွေကို ပုံမှားရိုက် လွှင့်တင်ပြီး နိုင်ငံတကာ ပိတ်ဆိုအရေးယူထားတာကို ရှောင်နေတဲ့ ဖြစ်စဥ်တွေ ၂၀၂၆ ဒုတိယလေးလမှာ ပိုများလာတယ်လို့ စင်္ကာပူအခြေစိုက် ရေကြောင်းဆိုင်ရာသတင်းဌာနဖြစ်တဲ့ Splash က သြဂုတ်လ ၂၄ ရက်နေ့က ရေးသားလိုက်ပါတယ်။ ကုလသမဂ္ဂရေကြောင်းလုံခြုံရေးလေ့လာမှုအဖွဲ့ (International Maritime Organization) ရဲ့ လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေအရ အခုလို သိရှိရတာဖြစ်ပြီး ရေကြောင်းခရီးလမ်းမှာ မှတ်ပုံတင်နိုင်ငံအတုနဲ့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှု တွေကို ရှောင်ရှားဖို့ နောက်ဆုံးလှည့်ကွက်တစ်ခုအနေနဲ့ ရုတ်တရက် ကျယ်ပြန့်ကြီးထွားလာနေတယ်လို့လည်း ဆိုပါတယ်။ ရေကြောင်းဆိုင်ရာ လုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Windward အဖွဲ့ရဲ့ အဆိုရာ ၂၀၂၅ နှစ်ကုန်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံအလံ အတုလွှင့်တင်ပြီး ကုန်သွယ်နေတဲ့ သင်္ဘော ၄၇၀ ရှိခဲ့ပေမယ့် အခု နှစ် ဒုတိယ လေးလပတ်မှာ သင်္ဘောအစီးရေ ၅၈၀ အထိ တိုးလာတယ်လို့ဆိုပါတယ်။ ဒါဟာ ၂၃ ရာခိုင်နှုန်းကျော် ၆ လ အတွင်း တိုးလာတာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာတစ်လွှား ကုန်သွယ်နေတဲ့ ရေနံတင်သင်္ဘော ၂၇၅ စီးဟာ မူရင်းမှတ်ပုံတင်နိုင်ငံကို လိမ်လည်တင်ထားပြီး ပထမ လေးလထက် ၁၅ စီးလျှော့ပေမယ့် ၈ လအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ၂၂ စီးထိ တိုးလာတဲ့သဘောလို့ဆိုပါတယ်။ ဒီလို မှတ်ပုံတင်နိုင်ငံနဲ့အလံအတုတင်ပြေးဆွဲနေတဲ့ ကုန်တင်သင်္ဘော ၉၀ ရခိုင်းနှုန်းဟာ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယုမှုခံထားရတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အလံတုတင်ပြီး မှတ်ပုံတင်ပုံမှားရိုက်ပြေးဆွဲခံရတဲ့ နိုင်ငံတွေထဲမှာ နီကာရာဂွါးနဲ့ အီကွေတိုရီယာ ဂီနီတို့ပြီးရင် ဆီးရီးယားနဲ့ မြန်မာက အများဆုံး အလံတွေဖြစ်တယ်လို့ဆိုပါတယ်။